မိုင်းရယ် မတ် ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများ ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆိုင်းဘုတ်စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ပြုလုပ်ပါသည်။
အဆိုပါ ကျောင်းအပ်နှံရေး ရက်သတ္တပတ် ဆိုင်းဘုတ်စိုက်ထူခြင်း အခမ်းအနားကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဒုတိယပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ/မများတက်ရောက်ခဲ့ပြီး ဆိုင်းဘုတ်အား နံ့သာရည်ပက်ဖြန်းကာ စိုက်ထူပေးပါသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူများ ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းနေရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ မေလ ၂၆ရက်နေ့မှ ဇွန်လ ၁ရက်နေ့ထိ ကျောင်းအပ်နှံရန် ပညာရေးဌာနနှိုးဆော်ထားကြောင်း သိရသည်။
ကျော်ဇင်ထိုက်