ဒေးဒရဲမြို့၌ တရားမဝင်တိုင်းရင်းဆေးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ဒေးဒရဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ဆေးဝါးအရောင်းဆိုင်များတွင် ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သော တိုင်းရင်းဆေးဝါးများဖြစ်သည့် အာရှရွှေကြယ် အဆစ်အမြစ်ရောင် သောက်ဆေးနှင့် ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးများ ရောင်းချမှုမရှိစေရေး ယနေ့နံနက် (၁၁)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နန့်တင်တင်အေး ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက မြို့မစျေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဆေးဝါးအရောင်းဆိုင်များတွင် အများပြည်သူ သုံးစွဲရန်မသင့်သော ဆေးဝါးများ သိုလှောင်ရောင်းချမှု မရှိစေရေး၊ ရောင်းချခြင်းမပြုရန် ထုတ်ပြန်ထားပြီးဖြစ်သော တိုင်းရင်းဆေးဝါးများဖြစ်သည့် အာရှရွှေကြယ် အဆစ်အမြစ်ရောင် သောက်ဆေးနှင့် ရသေ့ဆေး(သို့) ထိုင်းဗိန်းတောဆေးများ ရောင်းချမှုမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးဟောပြောခြင်း လုပ်ငန်းများကို ပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း