မိတ္ထီလာ၌ ကျောင်းအပ်နှံရေးသီတင်းပတ် ဗီနိုင်းပိုစတာစိုက်ထူပွဲကျင်းပ

မိတ္ထီလာ မေ ၁၉

မိတ္ထီလာ၌  ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဗီနိုင်းပွဲစတာစိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီခွဲက အထက (၁) အနီးတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ အထက(၁) ကျောင်းအနီးတွင် ပညာရေးဝန်ကြီးဌာန ၂ဝ၂၂-၂ဝ၂၃ ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့  ကျောင်းအပ်ကြပါစို့၊ ကျောင်းအပ်နှံရေး သီတင်းပတ်၊  ၂ဝ၂၂ ခုနှစ် မေ လ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ အထိ စာတန်းပါ ဗီနိုင်းပို့စတာ ၂ ခုအား ခရိုင်/မြို့နယ်ပညာရေးဌာနက စိုက်ထူသည်။၎င်း ကျောင်းအပ်နှံရေးသီတင်းပတ်ဗီနိုင်းပို့စတာ ၂ ခုအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်းကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေး၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်စန်းဦးနှင့် ခရိုင်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ကြောင်း သိရသည်။

ချမ်းသာ