သတင်းများ

မြောင်းမြမြို့ ပညာရေးဒီဂရီကောလိပ်ပထမနှစ် (ပထမနှစ်ဝက်၊ ဒုတိယနှစ်ဝက်) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကျင်းပ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြပညာရေးဒီဂရီကောလိပ် ပထမနှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ပညာရေးဒီဂရီကောလိပ်ရှိ ပညာသီရိခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်ရေး အသိပေးပိုစတာဗွီနိုင်းများ ချိတ်ဆွဲနိူးဆော်
May 19,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နိုင်းရေး သီတင်းပတ်ပညာပေး ပိုစတာဗွီနိုင်း တင်ပွဲအား ယနေ့ နံနက် (၇:၃၀) အချိန်က မြို့နယ် ၊မြို့နယ်ပညာ​ရေးမှုးရုံး၌ ကျင်းရာအဆိုပါပိုစတာတင်ပွဲသို့ မြို့နယ်ပညာ​ရေးမှုး၊ မြို့နယ်တွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မှုလတန်း​ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်း​ကျောင်းများမှ​ ကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများ၊ အ​ခြေခံပညာ​ရေးဝန်ထမ်းများ စုစုပေါင်း (၉၀) ဦး တက်​ရောက်ခဲ့ကြပါသည်။
အုတ်တွင်းမြို့နယ်၌ ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ မြေစိုက်ပိုစတာ ဆိုင်းဘုတ်စိုက်ထူ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီခွဲ အချိန်က မြို့တွင်းလမ်းဆုံ ဘုန်းတော်တိုး၊ ဘုန်းတော်ပွင့် ဘုရားအနီး မီးပွိုင့်နေရာတွင် ကျောင်းနေအရွယ်ကလေး အားလုံးပညာ သင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသောမြေစိုက်ပိုစတာ ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြကြောင်းသိရသည်။
ဝယ်လိုအား လျော့နည်းနေသည့်အတွက် ပဲတီစိမ်းနှင့် ပဲစင်းငုံများ စျေးအနည်းငယ်အေး
May 19,2022
ဝယ်လိုအား လျော့နည်းနေသည့်အတွက် ပဲတီစိမ်းနှင့် ပဲစင်းငုံစျေးများ မေလဆန်းမှစပြီး စျေးအနည်းငယ် အေးနေကြောင်း ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော် အသင်း (မန္တလေးကုန်စည်ဒိုင်) မှ သိရသည်။
မြောင်းမြမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာစိုက်ထူ
May 19,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ အသိပညာပေး ဗီနိုင်းပိုစတာကို ယနေ့နံနက် (၈)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ခရိုင်ပညာရေးမှူးရုံးရှေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ်၌ ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ
May 19,2022
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ပညာရေးစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီကလှိုင်မြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပညာရေးမှူးရုံး လှိုင်ပညာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်တွင် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနား ကျင်းပ
May 19,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၈နာရီက ရွှေကျင်မြို့နယ် ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
May 19,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၉) နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။