သရက်မြို့၌ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

သရက် မေ ၁

မကွေးတိုင်းဒေသကြီး သရက်မြို့ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီခွဲက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များနှင့် သရက်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းအလယ်တန်းမူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ တက်ရောက်သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလတ်က အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးကျော်ဦးက ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားစေရန်၊ မွမ်းမံသင်တန်း၏ သင်တန်း ပို့ချချက်များအတိုင်း ကျောင်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ဆရာ၊ ဆရာမများကိုလည်း ဆင့်ပွား သင်တန်းများ ပို့ချပေးရန် မှာကြားသည်။ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲအား မေလ ၁၉ ရက်နေ့မှ မေလ ၂၀ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သရက် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမ (၁၄၃) ဦး တက်ရောက် ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်