ချောင်းဆုံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေး ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

ချောင်းဆုံ  မေ ၁၉

မိုးရာသီရောက်ရှိလာပြီးဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သည့် သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရန်အတွက် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအသီးသီးတွင် ယနေ့ နံနက်ပိုင်းက ဖုံး၊ သွန်၊ လဲ၊ စစ် စစ်ဆေးခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းကို တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ကွက်/ ကျေးရွာအတွင်းရှိ နေအိမ်များအား တစ်အိမ်ဝင် တစ်အိမ်ထွက်ပြီး ခြင်၊ ပိုးလောက်လန်းများ မပေါက်ပွားစေရန်၊ ရေအိုး၊ ရေကန်များ၊ ပန်းအိုးများအား လိုက်လံစစ်ဆေးခဲ့ပြီး အဘိတ်ဆေးခတ်ခြင်းနှင့် ကျန်းမာရေး အသိပညာများမျှ ဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)