ကြာအင်းဆိပ်ကြီးမြို့နယ်တွင်  ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေး

ကြာအင်းဆိပ်ကြီး မေ ၂၆

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများတိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ်စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့်စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက်ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင် ရာရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ်ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များအတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအား ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၅)ရပ်ကွက်ရှိ မြို့မဈေးအတွင်းသို့ ကွင်းဆင်းသွား‌ရောက်ပြီး စာဖတ်စာငှား မိဘပြည်သူများအား မိမိတို့၏အိမ်အတွင်း၌ပင် အဆင်ပြေစွာဖတ်ရှုလေ့လာလိုသည့် သုတရသစာအုပ်စာစောင်များနှင့် ကလေးငယ်များအတွက် ကာတွန်းရုပ်ပြစာအုပ်များကို မိုဘိုင်းစနစ် ဖြင့် စနစ်တကျငှားရမ်းပေးခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး