ကျောက်ဆည် မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူ များနှင့်ဌာနဆိုင်ရာဝန်ထမ်းများ စာအုပ်စာပေအလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိစေရေး ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်များအခမဲ့ငှားရမ်းပေးလျက်ရှိသည့်အပြင် လုပ်ငန်းတာဝန်များကြောင့် စာကြည့်တိုက်သို့မလာရောက်နိုင်သည့် ဌာနဆိုင်ရာရုံးများတွင်လည်း နယ်လှည့်မိုဘိုင်းစနစ်ဖြင့်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ခရိုင်သာသနာရေးဦးစီးဌာနနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနသို့သွားရောက်ပြီး စာအုပ်များငှားရမ်းပေးခဲ့ကြောင်းသိရှိရသည်။
နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းရာတွင် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စာအုပ်ဖတ်ရှုလိုသော်လည်း မိမိတို့ဌာနလုပ်ငန်းတာဝန်များဖြင့် မအားလပ်သောကြောင့် ငှားရမ်းပေးရခြင်းဖြစ်ကြောင်း၊ ငှားရမ်းပေးသည့်အခါတွင်လည်း သုတစာပေ၊ ရသစာပေမျိုးစုံး၊ လူကြီး၊လူငယ်အရွယ်စုံဖတ်လို့ရသောစာအုပ်များ ငှားရမ်းပေးခြင်းဖြစ်ကြောင်းနှင့် စာပေများဖတ်ရှုလေ့လာခြင်းဖြင့် စာအုပ်စာပေများနှင့်ရင်းနှီးစေပြီး အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့်အကျွမ်းတဝင်ရှိစေရန်အတွက် မိုဘိုင်နယ်လှည့်စနစ်ဖြင့် အခမဲ့ငှားရမ်းပေးရခြင်းဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီကပြောပြသည်။
သက်မောင်(ကျောက်ဆည်)