နတ်မောက် မေ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် နွေစပါး ၅၆၄ ဧက စိုက်ပျိုးပြီးစီး၍ စိုက်ပျိုးပြီးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် စပါးမျိုးများဖြစ်သည့် မနောသုခ၊ စင်းသုခ၊ ဧရာမင်း၊ ရတနာတိုး စပါးမျိုးများ ကို ကျောက်တံခါးဆည်ရေသောက် ၁၀၀ ဧက၊ ဆည်ငယ်၊ ကန်ငယ်သောက် ၂၃၆ ဧက၊ နတ်မောက် ဆည်ရေသောက် ၂၂၈ ဧက စုစုပေါင်း ၅၆၄ ဧက စိုက်ပျိုးခဲ့သည်။
အဆိုပါနွေစပါးများကို နတ်မောက်မြို့နယ်တွင် မတ်လဒုတိယပတ်တွင် စတင်စိုက်ပျိုးပြီး ဇွန်လ နောက်ဆုံးပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သင်းသင်းမြတ်