ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနား ကျင်းပ

ထန်းတပင်(ပဲခူး) မေ ၂၆

“ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ​ကျောင်းအပ်နှံကြပါဆို့” ​ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ကျောင်းများ ​ကျောင်းအပ်နှံ​ရေး အခမ်းအနားအား ယ​နေ့ နံနက် (၉) နာရီအချိန်က ထန်းတပင်မြို့အ​ခြေခံပညာအထက်တန်း​ကျောင်း ပင်လုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေး​​ အဖွဲ့ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား​ပြောကြားပြီးမြို့နယ် ပညာရေးမှူးဒေါ်မသန်းစိန်က ကျောင်းအပ်နှံရေးနှင့် ပတ်သက်၍ ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် ပညာ​ရေးဝန်ကြီးဌာနမှ​ ကျောင်းသား၊ ​ကျောင်းသူများအတွက် အခမဲ့ဖြန့်​ဝေ​ပေး​သော ​ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊​​ ဘောပင်နှင့် ခဲတံများအား မြို့နယ်စီမံအုပ်ချုပ်​ရေး​အဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက​ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၉) ကျောင်း၊ အ.ထ.က (ခွဲ)ကျောင်း (၄) ကျောင်း၊ အလယ်တန်းကျောင်း (၁၄) ကျောင်း၊ အ.လ.က (ခွဲ) ကျောင်း (၂၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၅၄) ကျောင်း၊ မူလတန်းကျောင်း (၆) ကျောင်း၊ အ.မ.က(ခွဲ)ကျောင်း (၁) ကျောင်း စုစုပေါင်း (၁၀၉) ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း (၁) ကျောင်းတို့၌ မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်မသန်းစိန်ထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)