ငါန်းဇွန်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ

ငါန်းဇွန် မေ ၂၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးမင်းသိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သက်သက်မော်ကမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ကျောင်းများဖွင့်လှစ်သင်ကြားရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့အတွက် ကျောင်းအပ်နှံရေးဆောင်ရွက်ရာတွင် ဆရာ၊ ဆရာများအနေဖြင့် ဆောင်ရွက်နေမှုနှင့်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးအောင်ကျော်ဦးက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား/သူများ အန္တရာယ်ကင်းရှင်းစွာပညာသင်ယူနိုင်ရေးအတွက်အလေးထားပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပညာရေမှူး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမများက အတန်းအလိုက် ကျောင်းသား/သူများအားပညာရေးဝန်ကြီးဌာနမှ ကျောင်းသား/သူများအတွက် အခမဲ့ဖြန့်ဝေပေးသော ပုံနှိပ်စာအုပ်နှင့်ဗလာစာအုပ် စသည်များပေးအပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ကျောင်းအုပ် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။                    

သက်နောင်ဦး(ငါန်းဇွန်)