ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းသား / သူများအား ကျောင်းအပ်နှံခြင်း စတင်လက်ခံ

ခရမ်း မေ ၂၆

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား / သူများအား ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်လက်ခံလျက်ရှိကြောင်း သိရသည်။ ကျောင်းအပ်နှံရာတွင်လည်း နိုင်ငံတော်မှ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှုလုံးဝမရှိကြောင်းနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊  ပါးစပ်နှာခေါင်းစည်း (Mask) နှင့် မျက်နှာအကာ (Face Shield) တို့ကို အခမဲ့ထောက်ပံ့‌ပေးလျက်ရှိကြောင်း သိရသည်။

ကျောင်းများအပ်နှံရာတွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၂ -၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များကို ကျောင်းသား/ကျောင်းသူ၊ မိဘ၊ အုပ်ထိန်းသူ ပြည်သူအများ သိရှိစေရေးကျောင်းအဝင် နေရာအသီးသီးတွင် ကြော်ငြာဘုတ်များဖြင့် ပြသထားရှိပြီး ကျောင်းအပ်နှံသည့် ကျောင်းသားများ၏ အတန်းလိုက် ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတန်၊ ဝတ်စုံတို့ကို အခမဲ့ပေးအပ်ကြောင်း သိရှိရသည်။ ခရမ်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရာသည့် ရက်ကို မေလ (၂၆) ရက်နေ့မှ ဇွန် (၁) ရက်နေ့အထိ ကျောင်းအပ်နှံသည့်ရက်ဖြင့် လက်ခံဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုမင်း ( ခရမ်း )ပြန်/ ဆက်