ပျဉ်းမနား မေ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများ အားလုံး ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။
ပျဉ်းမနားမြို့နယ်အတွင် အခြေခံပညာအထက်တန်းကျောင်း(၁၂၀)ကျောင်း၌ သက်ဆိုင် ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသုံး ပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။
ပျဉ်းမနားမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၅)ကျောင်း၊ အလယ်တန်း ကျောင်း(၆)ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၉)ကျောင်း၊ မူလတန်း(လွန်)(၃၈)ကျောင်း၊ မူလတန်းကျောင်း(၅၀)ကျောင်း၊ မူလတန်းကျောင်း(ခွဲ)၂)ကျောင်း၊ စုစုပေါင်း(၁၂၀) ကျောင်း တို့တွင် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၂ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခန့်ဝင်းကျော်(မြို့နယ်ပြန်/ဆက်)