မိုင်းတုံ ဇွန် ၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ယမန်နေ့ ၃နာရီအချိန်က မိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ မိုးရာသီ ဆီထွက်သီးနှံ နေကြာမျိုးဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးမှ မဖြစ်မနေတောင်သူများအနေနဲ့ ကိုယ်ဒေသအတွင်း စားသုံးဆီ ဖူလုံအောင်စာသုံးနိုင်ရေးအတွက်ရည်ရွယ်ပြီး ကျွန်တော်နဲ့ စိုက်ပျိုးရေးတို့ပူးပေါင်းပြီး ဒီအစီအစဉ်ကိုဆောင်ရွက်ခြင်းဖြစ်ပါတယ်၊ ယခင်နှစ်ကဆို မိုင်းတုံမြို့နယ်အတွင်းမှာရှိတဲ့ တောင်သူတွေသည် မိုးနေကြာ(၇၇)ဧကနှင့် ဆောင်းမှာ (၁၀၅) ဧကစိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။
ယခု ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်မှာတော့ စီမံကိန်း plan ချပြီး မိုးနေကြာတိုးချဲ့ဧက(၂၆၃)ဧက၊ ဆောင်း(၃၇၁) ဧက စုစုပေါင်းဧက(၆၃၄) ဧကဖြင့် စိုက်ပျိုးဖို့ ကျွန်တော်တို့က ကျေးရွာ အုပ်စုအလိုက် မျိုးဖြန့်ဖြူးမှာဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးထွန်းထွန်းဝင်းက မိုးရာသီ ဆီထွက်သီးနှံ နေကြာမျိုး ဖြန့်ဖြူးပေးခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝန်းရှင်းလင်းပြောကြားပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးက နေကြာမျိုးပေးအပ်ရာ ပုံပါကျင်မြို့ အုပ်ချုပ်ရေးမှူးမှ လက်ခံခြင်း၊ မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဌာနမှ ဒေါက်တာသိန်းသန်းဝင်းကပေးအပ်ရာ လွယ်ခမ်းလုံအုပ်စုအုပ်ချုပ်ရေးမှူးမှ လက်ခံခြင်း၊ မြို့နယ်ကျေးလက်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်ကပေးအပ်ရာ ဖာချယ်အုပ်စုအုပ်ချုပ်ရေးမှူးမှ လက်ခံ ခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းဝင်းကပေးအပ်ရာ မဲကင်အုပ်ချုပ်ရေးမှူးမှလက်ခံခြင်း၊ မြို့နယ်လမ်းဦးစီးဦးရဲအောင်နိုင်ကပေးအပ်ရာ မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးမှလက်ခံခြင်း၊ မြို့နယ်နတလမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအေးမှပေးအပ်ရာ မုံးထ မြို့အုပ်ချုပ်ရေးမှူးတို့က အသီးသီးလက်ခံခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)