ပခုက္ကူ ဇွန် ၁
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ဝေသော ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဖန်ခါးမြေ လက်ကမ်းစာစောင်ကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း အသက်(၁၈)နှစ်နှင့် အထက် ကိုဗစ်ရောဂါ ကာကွယ်လာရောက်ထိုးနှံကြသည့် ပြည်သူများထံ အခမဲ့ ဖြန့်ဝေခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းကို ပခုက္ကူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုချိုမာနှင့် ဝန်ထမ်းများက ဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်း အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ပြည်သူ(၂၀၀)ဦးခန့်ထံ အခမဲ့ဖြန့်ဝေခဲ့ကြောင်း၊ ထိုလက်ကမ်းစာစောင်တွင် ကလေးသူငယ်များ အလုပ်ခန့်အပ် လုပ်ကိုင်စေနိုင်သည့် အသက်အရွယ်၊ အချိန်ကာလများ၊ ကလေးသူငယ်တိုင်း၏ အခွင့်အရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို အကာအကွယ်ပေးရေးနှင့် လေးစားမှုရှိရေး၊ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမှုနှင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများအား လျော့နည်းပပျောက်စေရေးနှင့် ထိရောက်စွာ တားဆီးကာကွယ်ရေး၊ ဥပဒေအရ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရှိသည့် ကလေးအလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရေး၊ ကလေးသူငယ်တိုင်း သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန် စသည့် အကြောင်းအရာ ပါဝင်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)