စဉ့်ကိုင်မြို့နယ်၌  တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

စဉ့်ကိုင် ဇွန်  ၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ တစ်နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကာကွယ် ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးရာတွင် ကျန်းမာရေးကြီးကြပ်(၁) ဦးရဲမင်းကကြီးကြပ်၍ မြို့ နယ်ကျန်းမာရေးဌာနမှ၀န်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များကို ဘီစီဂျီ၊ ပြင်းထန်၀မ်းပျက်၀မ်းလျှော(ရိုတာ)၀က်သက်ဂျိုက်သိုး ကာ ကွယ်ဆေးများကို အသက်အရွယ်၊အပိုင်းအခြားအလိုက်ထိုးနှံပေးရာတွင်ပုံမှန်ကာကွယ်ဆေးလာရောက်ထိုးနှံသော အသက်တစ်နှစ်ခွဲအောက် ကလေးငယ်(၁၂၁)ဦးနှင့် ကိုယ်၀န်ဆောင်မိခင်(၂၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

အဆိုပါ  ပုံမှန်ကာကွယ်ဆေးများလာရောက်ထိုးနှံသည့် မိခင်နှင့်ကလေးများအား ကျန်းမာရေး၀န်ကြီးဌာနကထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အ၀င်တွင်လက်ကို စနစ်တကျဆေးစေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် နှာခေါင်းစည်း (Mask)များ တပ်ဆင်စေပြီး ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)