ပလောက် ဇွန် ၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်၊ ဇွန်လ(၂) ရက်နေ့ ကျောင်းဖွင့်ရက်တွင် စတင်တက်ရောက်ပညာသင်ကြားမည့် အသက်(၅)နှစ်မှ(၁၂)နှစ်အောက် အရွယ် ကျောင်းသား/ သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရန်အတွက် နေရာကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက် ၁၁ နာရီအချိန်တွင် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူးဦးခင်မောင်စိုးနှင့် ပလောက်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စီစီလွင်နှင့် ဆရာ/ဆရာမများက ပလောက်မြို့ မြို့ပေါ်ရပ်ကွက်များရှိ အထက၊ အလက(ခွဲ)၊ မူလွန်နှင့် အမကကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အောက် အရွယ် ကျောင်းသား/သူကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန်စုရပ်နေရာဖြစ်သည့် ကျောင်းဆောင်ခန်းမအတွင်း၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ဆေးထိုးမည့်နေရာ၊ ကျန်းမာရေးစစ်ဆေးမည့်နေရာ၊ ဆေးထိုးပြီးသူများအား မိနစ်(၃၀)ခန့် နားနေစောင့်ဆိုင်းထားရှိမည့်နေရာများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကိုမှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေးထိုးနှံပေးခြင်းကို (၂-၆-၂၀၂၂)ရက်နေ့မှ (၂၄-၆-၂၀၂၂)ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ထိုးနှံပေးမည့်ဆေးအမျိုးအစားများမှာ Sinopharm နှင့် Myancopharm တို့ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်