နတ်မောက် ဇွန် ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ကြူအိုင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ခရမ်းသီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။
ကြူအိုင်ကျေးရွာရှိ စိုက်ပျိုးရေးတောင်သူများသည် တစ်နှစ်ပတ်လုံး မြေအောက်ရေအသုံးပြု၍ ခရမ်းသီးပင်နှင့် အခြားသီးပင်၊ စားပင်များကို စိုက်ပျိုးရောင်းချလျက်ရှိသည်။ "ကျွန်တော်တို့က ခရမ်းသီးပင်များကို စိုက်ပျိုးပြီး၊ အချိန် (၂) လခန့်အကြာတွင် ထွက်ရှိလာတဲ့ ခရမ်းသီးတေွကို ခူးဆွတ်ပြီး နတ်မောက်မြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက်တွေကို လှည့်လည်ပြီး တစ်ပိဿာ (၁၀၀ဝ) ကျပ်နှုန်းနဲ့ရောင်းချပါတယ်။ စိုက်ပျိုးထားတဲ့ ခရမ်းသီးအရှည်ပင်တွေးကို ခြံထဲအထိ လာရောက်ဝယ်ယူကြတာမို့ ခရမ်းသီးပင်ကို မိသားစုအပိုဝင်ငွေရရှိရေး၊ မီးဖိုချောင်သုံးစရိတ် ကာမိရေးအတွက် စိုက်ပျိုးနေတာဖြစ်ပါတယ်"ဟု တောင်သူဦးမောင်မောင်ထံမှ သိရသည်။
လှဝင်း (နတ်မောက်ပြန်/ဆက်)