လက်ပံတန်း မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

လက်ပံတန်း ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက်   ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

လက်ပံတန်းမြို့နယ်တွင် အ.ထ.က(၁၂)ကျောင်း၊ အ.ထ.က-ခွဲ(၈) ကျောင်း၊ အ.လ.က(၁၀) ကျောင်း၊ အ.လ.က-ခွဲ (၁၀)ကျောင်း၊ မူ/လွန် (၁၂) ကျောင်း၊ အ.မ.က (၁၆၀)ကျောင်းနှင့် အ.မ.က-ခွဲ (၁)ကျောင်း စုစုပေါင်း (၂၀၇) ကျောင်း၌ ကျောင်းအပ်နှံသူဦးရေ အထက်တန်းဆင့် (၁၇၀၄) ဦး၊ အလယ်တန်းဆင့် (၆၂၇၅) ဦး၊ မူလတန်းဆင့် (၁၀၃၀)ဦး၊ စုစုပေါင်း (၂၈၄၇၀)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)