မချမ်းဘော့ ဇွန် ၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွနေရာများတွင် ယမန်နေ့ ညနေ ၄ နာရီခွဲမှစ၍ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အသိပေးနှိုးဆော်ရာတွင် ကျောင်းနေရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်၊ ကျောင်းသားကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိလာစေရန်အတွက် အသက်၅ နှစ်မှ ၁၂ နှစ်ကျောင်းသား/သူများ၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်ရှိကျောင်းသား/သူများ၊ ကျောင်းနေပြင်ပကလေးများ၊ အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်ရှိ ကျောင်းနေပြင်ပကလေးများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်၍ မချမ်းဘော့မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အကျုံး၀င်သည့် ကျောင်းသားလူငယ်များအားလုံးထိုးနှံနိုင်ရန် အသိပေးလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ်၊ ပြန်/ဆက်