သတင်းများ

အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ​ ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်​ဆေးစတင်ထိုးနှံပေး
Jun 03,2022
မ​ကွေးတိုင်း​​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ အ​ခြေခံပညာ​ကျောင်းများ၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ​ ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်​ဆေးထိုးနှံမှုကို ဆေးထိုးစုရပ် သတ်မှတ်ထားသည့် ကျောင်းအသီးသီးတို့တွင် ယ​နေ့နံနက် ၉နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိသည်။
ပိုင်ကျုံမြို့ အ.လ.က‌ ကစိုကျောင်း၌ အသက်(၅)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ကွင်းဆင်းထိုးနှံ
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျှော့နည်းစေရန်ရည်ရွယ်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံ‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.လ.က ကစိုကျောင်း၌ ပထမအကြိမ် စတင်ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိ‌ကြောင်း သိရသည်။
လွိုင်ကော်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေး
Jun 03,2022
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အစီစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ကာ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင် ချည်မျှင်ရှည်ဝါမျိုးစေ့၊ မိုးစပါးမျိုးစေ့နှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်
Jun 03,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ချည်မျှင်ဝါမျိုးစေ့၊ မိုးစပါးမျိုးစေ့နှင့် နေကြာမျိုးစေ့များကို တောင်သူများလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့အစည်းအဝေး၌ ကျင်းပကြောင်းသိရသည်။
သဲကုန်းမြို့နယ်၌ အသက်(၅)နှစ်မှ(၁၂)နှစ်အောက်အရွယ် ကျောင်းသား/သူလေးများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံမှုနှင့် ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေး
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ ၂၀၂၂ -၂၀၂၃ ပညာသင်နှစ်တွင် ဇွန်လ ၂ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး အသက်(၅)နှစ်မှ (၁၂)နှစ်အောက် အရွယ် ကျောင်းသား/သူလေးများကိုလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရပါသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်းပက်)တွင် ကျောင်းအပ်လက်ခံခြင်းနှင့် ပထမနှစ်သင်တန်းများအား စာသင်ကြားပေးလျက်ရှိ
Jun 03,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(ပင်းပက်)တွင် ယမန်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်းသိရသည်။
ဘုတ်ပြင်းမြို့အတွင်းရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေး
Jun 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်နှင့်(၁၂) နှစ်အတွင်းရှိ ကျောင်း သားကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဆက်လက်ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ထားသည့် ဆေးထိုးစုရပ်အသီးသီးတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဆေးကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင်ဘုတ်ပြင်မြို့နယ် ထောက်စုံမဟက်ကျေးရွာ အုပ်စု အမက-ချောင်းလမိုင်း၊ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု  အမက-ထောင်မွန်ကျောင်း၊ အလက(ခွဲ)သဲစုပ်စက်မိုင်းကျောင်းနှင့် အုန်းတောကမ်းကျေးရွာအုပ်စုရှိ မူလွန်-အုန်းတောကမ်းကျောင်း၊ အမက-နီပါးကျောင်း၊ အမက-လိပ်ဥချောင်းကျောင်း၊ အမက-ချောင်းကထုံးကျောင်းနှင့်ကမာချောင်းကျေးရွာအုပ်စုရှိ မူလွန်-ကျွေးချောင်းကျောင်း၊ အမက-ကမာချောင်းကျောင်းနှင့် နို့ငွါး ကျေးရွာအုပ်စု အထက(ခွဲ)ချောင်းကဖီးကျောင်းတို့တွင် ကျောင်းသားကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
တာမွေမြို့နယ်တွင် စျေးကားဖြင့် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ လိုက်လံရောင်းချ
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများအား ၎င်းတို့နေထိုင်ရာ ရပ်ကွက်များအတွင်း စျေးနှုန်းချိုသာစွာ ဝယ်ယူရရှိစားသုံးနိုင်စေရေးအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကျောက်မြောင်းကြီးရပ်ကွက်ရှိ ကျောက်မြောင်းလမ်းတွင် ဆန်၊ ဆီနှင့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်ပစ္စည်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စျေးကားများဖြင့် (Mobile Market) ဖွင့်လှစ်၍ စျေးနှုန်းချိုသာစွာ ရပ်ကွက်များအတွင်း လိုက်လံ ရောင်းချပေးခဲ့ကြသည်။