ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက် အောင်သိဒ္ဓိလမ်းအား ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းစတင်ဆောင်ရွက်
Jun 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများသွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများသွားလာမှုအဆင်ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေကျပ်(၉.၄၁၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းတွင် ကွန်ကရစ်လမ်းလုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။