ပိုင်ကျုံမြို့ အ.လ.က‌ ကစိုကျောင်း၌ အသက်(၅)နှစ်နှင့်အထက်ကျောင်းသားကျောင်းသူ များအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ကွင်းဆင်းထိုးနှံ

ပိုင်ကျုံ  ဇွန် 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကိုလျှော့နည်းစေရန်ရည်ရွယ်၍ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို အရှိန်အဟုန်မပျက်ထိုးနှံ‌ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အ.လ.က ကစိုကျောင်း၌ ပထမအကြိမ် စတင်ကွင်းဆင်းထိုးနှံ‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ၂၀၂၁ခုနှစ်၊ ဩဂုတ်လမှစတင်ထိုးနှံ‌ပေးလျက်ရှိပြီး ‌မြို့နယ်အတွင်းရှိဒေသနေပြည်သူများကာကွယ် ဆေး ရာနှုန်ပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နှင့်အလှမ်းဝေးသော ကျေးရွာအုပ်စုများ၊ သွားလာရန်ခက်ခဲသောကျေးရွာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် မိဘပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက်‌ ဇန်နဝါရီလ ၂၀ ရက် နေ့မှစ၍ ကျေးရွာများအရောက် ကွင်းဆင်း၍ထိုးနှံပေးလျက်ရှိကြောင်း၊ ယခုအခါအခြေခံ ‌ပညာ‌ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် ဇွန်လ ၂ ရက်နေ့မှစတင်၍ ပိုင်ကျုံမြို့နယ် အတွင်းရှိ အ‌ခြေခံပညာကျောင်းများတွင် အသက်(၅)နှစ်အထက် ကျောင်းသားကျောင်းသူ များအားလုံး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် ဆက်လက်ကွင်းဆင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းကို ပိုင်ကျုံမြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့် သက်ဆိုင်ရာအခြေခံပညာကျောင်းများမှ တာဝန်ရှိ ဆရာ/မများတို့ပူးပေါင်း၍ ကာကွယ်ဆေးလာရောက်ထိုးနှံသည့် ကျောင်းသားကျောင်းသူ များအား အဆင်‌ပြေလွယ်ကူစွာ ဆေးထိုနှံနိုင်‌ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)