ချောက် ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ အခြေခံပညာကျောင်းများ၌ အသက်(၅)နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမှုကို ဆေးထိုးစုရပ် သတ်မှတ်ထားသည့် ကျောင်းအသီးသီးတို့တွင် ယနေ့နံနက် ၉နာရီအချိန်က စတင်၍ ထိုးနှံပေးလျက်ရှိသည်။
အဆိုပါကာကွယ်ဆေးထိုးနှံမှုအား မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလွင်၊ အတွင်းရေးမှူးမြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦး၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်လေးဖြူနှင့် တာဝန်ရှိသူများက ဆေးထိုးနှံနေသည့် ကျောင်းမှဆရာကြီး၊ ဆရာမကြီးများ၊ မိဘအုပ်ထိန်းသူများနှင့် တွေဆုံ၍ အားပေးစကားပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
အသက်(၅)နှစ် မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံမှု ပထမနေ့အဖြစ် ချောက်မြို့နယ်အတွင်း အထက(၁)၊ အထက (၄)၊ အထက(စလေ)၊ အထက(ခွဲ)ချောင်းတက်၊ အထက(ခွဲ)မင်းကန်၊ အထက(ဆူးတော)၊ အထက(ကျောက်ရဲ)၊ အထက(ခွဲ)ပုပ္ပကန်၊ အထက(ကြောင်ယာတော)၊ အထက(ဂွေးပင်)၊ အထက(ခွဲ)နရွှဲတော၊ အထက(ခွဲ)ဝသဲစမ်း၊ အထက(ခွဲ)သစ်တိုကန်၊ အထက(ဂွေးချို)၊ အထက(ကြီးနီ)၊ အထက(ခွဲ)ဆင်က၊ အထက(ခွဲ)အိုင်ကြီး၊ အထက (တွင်းလပ်)အလက(လေးပင်ကုန်း)ကျောင်းများတွင် စတင်ထိုးနှံပေးလျက်ရှိပြီး ယခုထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားမှာ Sinopharm ဖြစ်ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)