လွိုင်ကော်မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေး

လွိုင်ကော် ဇွန် ၃

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အစီစဉ်ကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း ကျောင်းအခြေပြု ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီမှစတင်ကာ အခြေခံပညာ အထက်တန်းကျောင်း၊ အလယ်တန်းကျောင်း၊ မူလတန်းကျောင်းများ၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ အုပ်ထိန်းသူ မိဘသဘောတူညီချက်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကာကွယ်ဆေးမထိုးနှံမီ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခြင်း၊ အခြားသောရောဂါ ရှိ/မရှိ မေးမြန်းခြင်း သွေးပေါင်ချိန်များ တိုင်းတာပေးခြင်း စသည့် ကျန်းမာရေးစောင့်ရှောက်မှုတို့ကို မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမတို့က ဝိုင်းဝန်းပူးပေါင်း ကူညီပြီး ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)