နေပြည်တော် ဇွန် ၃
စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့်အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက ယနေ့နံနက် (၁၀)နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပဆွေးနွေးသည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြေကြာကြားပြီး တက်ရောက်လာကြသည့် စာရေးဆရာများ၊ စာရေးဆရာမများဖြစ်ကြသည့် ဦးဟန်ညွန့် (ဟန်ညွန့်-ယဉ်ကျေးမှု)၊ ဦးခိုင်မင်း (ခိုင်မင်း-နေပြည်တော်)၊ ဒေါ်ခင်ငြိမ်းအေး(မေချို-ပျဉ်းမနား)၊ ဦးရဲလင်းအောင် (မောင်လေပြေ-တောင်တွင်း)၊ ဦးမျိုးသန့် (မျိုးလေး-ကသာ)၊ ဦးကျော်လွင်(ကျော်လွင်-မှော်ဝန်း)၊ ဦးကျော်ဇော် (ရှင်မတောင်နံ့သာ မြေ)၊ ဦးလင်းထွဋ်(ကိုလင်း အညာမြေ)၊ ဒေါ်နှင်းနှင်းလွင်(လုံမငယ်-လူမှု)နှင့် စာပေဝါသနာရှင်များက မိမိတို့ဖတ်ရှုလေ့လာမှတ်သားခဲ့ကြသည့် စာပေများထဲမှ ကြိုက်နှစ်သက်သည့် အကြောင်းအရာအချက်အလက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)