နွားထိုးကြီး ဇွန် ၃
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ ယမန်နေ့နံနက်ပိုင်းမှစတင်ဖွင့်လှစ်ရာ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားလျက်ရှိသည်။
အထက်တန်းကျောင်း(၁၁)ကျောင်း၊ အထက်တန်းကျောင်းခွဲ(၂၄)ကျောင်း၊ အလယ်တန်းကျောင်း(၁၂)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၈)ကျောင်း၊ မူလွန်ကျောင်း(၁၅)ကျောင်း၊ မူလတန်းကျောင်း(၉၁)ကျောင်း၊ မူလတန်းကျောင်းခွဲ (၄)ကျောင်း စုစုပေါင်း(၁၆၅)ကျောင်းရှိရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းတို့တွင် (၁၁၉၁၇)ဦး တက်ရောက်ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းသားကျောင်းသူများ ကျောင်းတက်ရောက်နေမှုနှင့် ပညာသင်ကြားနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
သန်းအောင်ဇော်