ညောင်လေးပင်မြို့နယ်အတွင်းရှိ ကျောင်းအခြေပြု ကျောင်းသား၊ကျောင်းသူ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ

ညောင်လေးပင် ဇွန် ၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ အခြေပြု ကျောင်းသား၊ ကျောင်းသူများ အသက်(၅)နှစ်မှ အသက်(၁၂)အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ယနေ့နံနက်၉နာရီအချိန်မှ စတင်၍ အခြေခံပညာကျောင်းများတွင် ကျန်းမာရေးဌာနက သွားရောက်ထိုးနှံပေးခဲ့ကြသည်။

ညောင်လေးပင်မြို့နယ်တွင် အ‌ခြေခံပညာကျောင်း (၁၇၇)ကျောင်း၊ ဘုန်း‌တော်ကြီးသင် ပညာရေးကျောင်း(၂) ကျောင်းပေါင်း (၁၇၉)ကျောင်းအား ကိုဗစ်-၁၉ ကာကွယ်ဆေးကို အသက် (၅နှစ်မှ ၁၂နှစ်) ကာကွယ်ဆေးများကို ဇွန်လ(၂)ရက်မှ (၃၀)ရက်နေ့အထိ ကျောင်းအလိုက် ကာကွယ်ဆေးများကို လိုက်လံထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးမည့် လျာထားဦးရေ (၂၆၅၃၂)ဦးအား ဇွန်လ ၂ ရက် ပထမရက် ကာကွယ်ဆေးထိုးနှံပြီးသူ (၂၄၉၉)ဦး ထိုးနှံ‌ပေးနိုင်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံသည့် ကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဘုန်း​​​​​မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာ​​ရေးဌာနနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်အားပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)