သတင်းများ

ဘီးလင်းမြို့နယ်၌ အသက်(၅) နှစ်မှ(၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား  ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယနေ့ဆက်လက်ထိုးနှံပေး
Jun 03,2022
သထုံခရိုင်၊ ဘီးလင်းမြို့နယ်အတွင်းရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို ဇွန် ၂ ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့နယ်အတွင်းရှိ ဆေးထိုးစုရပ်ထားရှိရာ အခြေခံပညာကျောင်းများ၌ သတ်မှတ်ရက်အလိုက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
တပ်ကုန်းမြို့နယ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး ( Talk Show ) ဆောင်ရွက်
Jun 03,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်းထိန်းသိမ်းရေးဦးစီး ဌာနတို့ပူးပေါင်း၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show)အစီအစဉ်ဆွေးနွေးခြင်းကို ဇွန်၃ရက် မွန်းလွဲ ၁နာရီခွဲက ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။
ကြို့ပင်ကောက်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Jun 03,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင်
လွိုင်လင်မြို့အခြေခံပညာကျောင်းများရှိ အသက်(၅) နှစ်မှ (၁၂)နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေး
Jun 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ယနေ့ နံနက်ပိုင်းမှစ၍ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ချောင်းဆုံတွင် မိုးစပါးပိုးမွှားရောဂါ ကြိုတင်ကာကွယ်ခြင်း နည်းပညာပေးသင်တန်းနှင့် ဟောပြောပွဲပြုလုပ်
Jun 03,2022
ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်ပျိုးရာသီ၌ ဖြစ်ပွားတတ်သည့် ဆစ်ပိုး၊ ခရု စသည့် စပါးဖျက် ပိုးမွှားများအန္တရာယ်မှ တောင်သူဦးကြီးများ ကြိုတင်ကာကွယ် နှိမ်နင်းနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ကညှော်ကျေးရွာခန်းမတွင် မိုးစပါးပိုးမွှားရောဂါ ကြိုတင်ကာကွယ်ခြင်း နည်းပညာပေးသင်တန်းနှင့် ဟောပြောပွဲကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
လွိုင်ကော်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်လှစ်
Jun 03,2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း က အားကစားနှင့်ကာယပညာသိပ္ပံ (လွိုင်ကော်) စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်)၊ ဒေကကွပ်ကဲရေးမှူး၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ Talk Show ဆွေးနွေးပွဲကျင်းပ
Jun 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနှင့်ပတ်သက်ပြီး ပြည်သူလူထု ပိုမိုသိရှိကာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိအမြင်များ တိုးပွားလာစေရန် ရည်ရွယ်၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံ Talk Show ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် သွေးလွန်တုပ်ကွေးအကြောင်း  သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ
Jun 03,2022
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွှေဘိုခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သွေးလွန်တုပ်ကွေးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ကို ယနေ့‌နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။