ငပု​တောမြို့၌ တရားဝင်တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ ပူးပေါင်းအဖွဲ့မှ လိုက်လံစစ်‌ဆေး

ငပုတော ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ပုသိမ်ခရိုင်၊ ငပု​တောမြို့နယ်အတွင်းရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အရောင်းဆိုင်များ၊ တယ်လီဖုန်းအရောင်းဆိုင်များ၊ ဓာတ်မြေဩဇာအရောင်းဆိုင်များနှင့် ယစ်မျိုးသက်ဝင်ပစ္စည်းများ ရောင်းချသည့်ဆိုင်များအား တရားဝင်လုပ်ထုံးလုပ်နည်းနှင့်အညီ တင်သွင်း ရောင်းချမှု ရှိ/မရှိကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်ခန့်တွင်  ပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးခဲ့ကြသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရှိန်းနေလွင်ထွန်း၊ မြို့နယ်စည်ပင်သာသာယာ ရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးကျော်မင်းသန်း၊ စာသုံးသူရေးကာ (တာဝန်ခံ) ဒေါ်မြင့်မြင့်စန်းနှင့်  ပူးပေါင်း အဖွဲ့က မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်အရောင်းဆိုင်များ၊ တယ်လီဖုန်းအရောင်းဆိုင်များ၊ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာဆိုင်များတွင် အမိုနီယမ်နိုက်ထရိတ်များ သိုလှောင်မှု ရှိ/မရှိနှင့် ယစ်မျိုးပစ္စည်းများ လက်လီ/ လက်ကား ​ရောင်းချသည့်ဆိုင်များအား တရားဝင်တင်သွင်းမှု၊ သိုလှောင်ထားရှိမှုနှင့် ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)