သာပေါင်းမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင် အမိုးလန်ပျက်စီး

သာပေါင်း ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာအုပ်စု၊ စိမ့်ကွင်း ကျေးရွာတွင် ယနေ့နံနက် ၄ နာရီခွဲအချိန်က လေပွေလေပြင်းတိုက်ခတ်မှုကြောင့် အခြေခံပညာမူလတန်းကျောင်း တစ်ထပ် အုပ်ညှပ်ဆောင်၏ သွပ်မိုး၊ ဒိုင်းတန်းများ လွင့်စင်ပြုတ်ထွက် ပျက်စီး ခဲ့ရသည်။

အဆိုပါ အခြေခံပညာမူလတန်း (စိမ့်ကွင်း) ကျောင်းတွင် တာဝန်ခံကျောင်းအုပ် (မူလတန်းပြ) ဆရာဦးကျော်ကျော်ဝင်းနှင့် ဆရာမ ()ဦး၊ ပေါင်းဆရာ/ဆရာမ () ဦးတို့ဖြင့် စာသင်ကြား လျက်ရှိနေကြပြီး KG တန်းတွင် ကျောင်းသား () ဦး၊ ကျောင်းသူ ()၊ ပေါင်း () ဦး၊ Grade-1 တန်းတွင် ကျောင်းသား () ဦး၊ ကျောင်းသူ () ဦး၊ ပေါင်း () ဦး၊ Grade-2 တန်းတွင် ကျောင်းသား()ဦး၊ ကျောင်းသူ()ဦး၊ ပေါင်း(၁၀)ဦး၊ Grade-3 တန်းတွင် ကျောင်းသား()ဦး၊ ကျောင်းသူ()ဦး၊ ပေါင်း()ဦး၊ Grade-4 တန်းတွင် ကျောင်းသား()ဦး၊ ကျောင်းသူ()ဦး၊ ပေါင်း()ဦး၊ Grade-5 တန်းတွင် ကျောင်းသား()ဦး၊ ကျောင်းသူ()ဦး၊ ပေါင်း()ဦး၊ စုစုပေါင်းကျောင်းသား (၂၉)ဦး၊ ကျောင်းသူ(၂၂)ဦး၊ ပေါင်း(၅၁)ဦးတို့ တတ်ရောက်ပညာ သင်ယူနေသော ကျောင်းဖြစ်ပြီး စာသင်ကြားမှု မပျက်စေရေးအတွက် ကျောင်းရှိ ပျက်စီးမှု မရှိသေးသည့် (အလျား ၄၀ ပေ၊ အနံ ၃၀ ပေ) အုပ်ညှပ်တစ်ထပ်ဆောင်နှင့် စာသင်ကျောင်းအနီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ခန်းမပြုလုပ်သည့် အဆောင်တို့တွင် အတန်းခွဲ၍ ယာယီသင်ကြားရန်စီစဉ်ထားရှိပြီး လေပွေလေပြင်းတိုက်ခတ်၍ ပျက်စီးသွားသော ကျောင်းဆောင်အား ပညာရေးဌာနသို့ ပြုပြင်ထိန်းသိမ်းရန် တင်ပြတောင်းခံသွားမည်ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ အထောက်အကူပြုအဖွဲ့များမှ အလှူရှင်များရှာဖွေ၍ အမြန်ဆုံးပြုပြင် ဆောင်ရွက် နိုင်ရေး စီစဉ်လျက်ရှိနေကြကြောင်း သိရသည်။

မျိုးဇော်သိန်း (ပြန်/ဆက်)