ဗိုလ်တထောင် ဇွန် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ် အထက် ဘိုးဘွားများအား လူမှုရေးပင်စင်အတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများအား ရပ်ကွက်တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များသို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ရပ်ကွက် (၁၂) ရပ်ကွက်အတွင်းရှိ အဘိုး၊ အဘွားများထံ လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ရာတွင် မြို့ပေါ်ရပ်ကွက် (၁၂)) ရပ်ကွက်အတွင်းမှ အသက် (၈၅) နှစ်အထက် ဘိုးဘွားစုစုပေါင်း (၁၇၁) ဦးတို့အတွက် ပထမ (၃) လပတ် ဧပြီ၊ မေနှင့် ဇွန်လများအတွက် လူမှုရေးပင်စင် အကျိုးခံစားခွင့် တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၁၃၀၀၀၀/-) အား ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက နေ့ရက်အလိုက် ဘိုဘွားများ၏ လူမှုရေးပင်စင် များအား လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးလျက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
သိန်းသိန်း (ဗိုလ်တထောင်)