မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော(Test Force)စိစစ်ကြီးကြပ်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့တို့ ဖြင့် ယစ်မျိုးလက်လီလက်ကားရောင်းချသောဆိုင်များနှင့် ဓါတ်မြေသြဇာရောင်းချသော ဆိုင်များ အား စစ်ဆေးခြင်းများ မြန်အောင်၌ဆောင်ရွက်

မြန်အောင် ဇွန် ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော (Test Force) စိစစ်ကြီးကြပ်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့တို့ဖြင့် ယစ်မျိုး လက်လီလက်ကားရောင်းချသောဆိုင်များနှင့် ဓါတ်မြေသြဇာရောင်းချသောဆိုင်များအား ယနေ့နံနက်က စစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အခွန်အခများ လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း ဦးဆောင်သော(Test Force)စိစစ် ကြီးကြပ်ရေးအဖွဲ့၊ ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ ယစ်မျိုး လက်လီ၊ လက်ကားရောင်းချသောဆိုင်များ လိုင်စင်မဲ့ရောင်းချခြင်း၊ တရားမဝင် သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်းများ မရှိစေရန်နှင့်ပြည်တွင်း ကုန်ပစ္စည်း သယ်ဆောင်ရာတွင် အခွန်ပေးဆောင်ထားရှိမှု အခြေအနေနှင့်အရက်/ဘီယာ ကုန်ပစ္စည်းများ တွင်  Tax Paid ကပ်ထားမှုရှိ/မရှိ တို့အား ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးခဲ့ကြပြီး ဓါတ်မြေ သြဇာရောင်းချသောဆိုင်များကိုလည်း လုပ်ငန်းလိုင်စင်များ အခွန်ဆောင်ရွက်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်