မန်တုံမြို့တွင် အသက်(၅)နှစ်မှ(၁၅)နှစ် အတွင်းအကျောင်းသား/သူများအား ကိုဗစ်(၁၉) ရောဂါကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေး

မန်တုံ ဇွန် ၁၄

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာသင်ယူလျက်ရှိသော အသက်(၅)နှစ်မှ (၁၅)နှစ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသား/သူများအား ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှုမှကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်​နေ့က အထက်တန်းကျောင်း ရွှေလီခန်းမ၌ ကိုဗစ်(၁၉)ကာကွယ်ဆေး(Sinopharm)ကို ပထမအကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ဆရာ/ဆရာမများက ကျန်းမာရေးဝန်ထမ်းများနှင့်ပူးပေါင်း၍ Hand Gel ဖြင့် လက်ဆေးပေးခြင်း၊ နေရာချထားပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းနှင့်လိုအပ်သည်များ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ် အခြေခံအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ(၁၅)နှစ်အတွင်း ပထအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူ ကျား(၈၇)ဦး၊ မ(၉၃)ဦး၊ စုစုပေါင်း (၁၈၀) ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မန်တုံ(ပြန်/ဆက်)