ကော့သောင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး  မိုဘိုင်းစာကြည့်တိုက် လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကော့သောင်း ဇွန်  ၁၄

ကော့သောင်းမြို့နယ်တွင် ပြည်သူများ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတမြင့်မားလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်ရည်ရွယ်၍  ကော့သောင်းခရိုင်ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက  အေးမြကန်သာရပ်ကွက်၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးပညာသင်တန်းကျောင်းသို့ မိုဘိုင်း စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆောင်ရွက်မှုတွင် ကော့သောင်းခရိုင်ပြန်/ဆက်ဝန်ထမ်းများက သင်တန်းသူအမျိုးသမီးငယ်များအား စာဖတ်ခြင်း၏အကျိုးကျေးဇူးများနှင့် စာပေမှရရှိနိုင်သည့်အခွင့်အလမ်းများအား အသိပညာပေးရှင်းလင်းပြောကြားကာ ဗဟုသုတဖြစ်ဖွယ်စာအုပ်စာပေများ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် အချိန်မရွေး အခမဲ့လာရောက်ငှားရမ်းဖတ်ရှုကြစေရန် တိုက်တွန်းပြောကြားသည့်အပြင် သင်တန်းအားလပ်ချိန်အတွင်း အလွယ်တကူလေ့လာဖတ်ရှုနိုင်ရန်  မိုဘိုင်းစာကြည့်တိုက်အဖြစ် သုတ၊ ရသ စာအုပ်စာစောင်များအား ငှါးရမ်းပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)