မြို့သစ်မြို့ သန့်ရှင်းသာယာလှပစေရန်နှင့်စိမ်းလန်းစိုပြေရေးအတွက် လုပ်ငန်းများအရှိန်အဟုန်​မြှင့်ဆောင်ရွက်

မြို့သစ် ဇွန် ၁၄

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပစေရေးနှင့်စိမ်းလန်းစိုပြေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းလမ်းဘေးဝဲယာနေရာများနှင့် တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်ကားလမ်း ဘေးဝဲယာနေရာများတွင် သန့်ရှင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ပန်းအလှပင်များ၊ အရိပ်ရအပင်များကိုလည်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ဂုဏ်ကျက်သရေတိုးတက်စေရန်အတွက် တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်ကားလမ်း ဘေးဝဲယာနေရာများတွင် ပေါင်းမြက်များအား ရှင်းလင်းခြင်း၊ ထွက်ရှိလာသော အမှိုက်များအား ဌာနပိုင် အမှိုက်သိမ်းမော်တော်ယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ခြင်း၊ ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးပုံဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ပန်းအလှပင်များ၊ အရိပ်ရအပင်များ အလွယ်တကူစိုက်ပျိုးနိုင်ရန် ပျိုးပင်များကို ပန်းခြံဝန်းအတွင်း၌ ပျိုးဥယာဉ်ဆောက်လုပ်ထားရှိပြီး ပျိုးပင်မျိုးစုံ ပျိုးထောင်ထားရှိကြောင်း သိရသည်။

သန်းဝင်းထွန်း( ပြန်ဆက်)