မြို့သစ် ဇွန် ၁၄
မကွေးခရိုင်၊ မြို့သစ်မြို့နယ် ကျေးလက်လမ်းဦးစီးဌာနနှင့် ကျေးရွာလမ်းကော်မတီများ ပူးပေါင်းကာ ကျေးရွာချင်းဆက် လမ်းဘေးဝဲယာတွင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရန်နှင့် အရိပ်ရသစ်ပင်များကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့ကြောင်း သိရသည်။
အရိပ်ရသစ်ပင်များစိုက်ပျိုးရာတွင် ထန်းတပင်ကျေးရွာလမ်း၊ ချောင်းရိုးလမ်း ဝန်ချီသီးကုန်းစသော ကျေးရွာသို့သွားသော လမ်းဘေးဝဲယာတွင် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာနတို့မှ စိုက်ပျိုးထားရှိသော ပျိုးပင်များဖြင့် ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ကျေးရွာကော်မတီများနှင့် ကျေးရွာဒေသခံပြည်သူများပူးပေါင်းကာ စိန်ပန်း၊ ယင်းမာ၊ လျော်ဖြူ၊ ယူကလစ်၊ တမာ၊ ဇီးဖြူ စသော အရိပ်ရသစ်ပင် (၇၀၀)ပင်က တပျော််တပါး စိုက်ပျိုးခဲ့ကြောင်း ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးထံမှ သိရသည်။
ကိုဇော် (ပြန်/ဆက်)