လပွတ္တာ ဇွန် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ပြည်သူများနှင့် လူငယ်လူရွယ်များကြား စာဖတ်ရှိန် မြှင့်တင်နိုင်စေရေး ရည်ရွယ်လျက် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၁:၀၀)အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Woman Club အဖွဲ့ဝင် ဒေါ်စုလှိုင်ဝင်း (ခရိုင်စိုက်ပျိုးရေးဦးစီးဌာန)က စာရေးဆရာမ ချမ်းမြမြသော်၏ ဆောင်းပါးတိုစုစည်းမှုစာအုပ်အား ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသော Woman Club အဖွဲ့ဝင်များမှလည်း မိမိတို့နှစ်သက်ရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်