မိုးမိတ်မြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုး
Jun 23,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာရှိ တောင်သူဦးမြင့်ဇော်၏ ယာမြေတွင် စိုက်ပျိုးထားရှိမည့် တိရစ္ဆာန်အစာ မွန်ဘားဆား သရုပ်ပြစိုက်ခင်း စိုက်ပျိုးမည့်စိုက်ခင်းသို့ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ပြီး သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။