မိုးမိတ်မြို့နယ်တွင် မိုးရာသီ တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ပျိုး

မိုးမိတ် ဇွန် ၂၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ သစ်ဆိမ့်ကုန်းကျေးရွာရှိ တောင်သူဦးမြင့်ဇော်၏ ယာမြေတွင် စိုက်ပျိုးထားရှိမည့် တိရစ္ဆာန်အစာ မွန်ဘားဆား သရုပ်ပြစိုက်ခင်း စိုက်ပျိုးမည့်စိုက်ခင်းသို့ ယနေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်နှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ပြီး သရုပ်ပြစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာမြင့်ဇော်က တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်းဖြင့် လွှတ်ကျောင်းစနစ်မှ ခြံလှောင်စနစ်ဖြင့်မွေးမြူလာစေရန်၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသော အစားအစာများကျွေးမွေးနိုင် စေရန်၊ ပြည်တွင်း ကျွဲ၊ နွား၊ မွေးမြူရေးလုပ်ငန်းများအတွက် အာဟာရဓာတ်မြင့်မားပြီးအထွက်နှုန်း ကောင်းစေသောအစာများ ဖူလုံစွာသုံးစွဲနိုင်ကြစေရန် ရည်ရွယ်စိုက်ပျိုးခြင်းဖြစ်ပြီး မွန်ဘားဆားမြက်ကို တိရစ္ဆာန်အစာအဖြစ် ကျွေးမွေးပါကလိုအပ်သော အာဟာရဓာတ်ပြည့်ဝစွာရရှိနိုင်သဖြင့် မွေးမြူရေးသမားတိုင်း စိုက်ပျိုးသင့်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

စည်သူဌေး(ခရိုင်ပြန်/ဆက်)