ခရမ်းမြို့နယ်တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

ခရမ်း ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ယမန်နေ့၊ မွန်းလွဲ ( ၂ )နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲသို့ ခရမ်းမြို့ အမှတ်( ၂ ) ရက်ကွက်အခြေခံမူလတန်းကျောင်းမှ ကျောင်းသား ၊ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများအား စာဖက်ခြင်းဖြင့် အတွေးအခေါ်နှင့် ဉာဏ်ရည် ထက်မြက်၍ ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်၊ စိတ်ခွန်အားများတိုးပွား၍ ဉာဏ်ရည်မြင့်မားစေပြီး ထူးချွန်ထက်မြက်သည့် လူချွန်၊ လူကောင်း၊ ပညာတက်ကြီးများဖြစ်စေရန်ရည်ရွယ်၍ ကျင်းပပေးရခြင်းဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရှိရသည်။

ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများကို မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ဆုလက်ဆောင် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

ကိုမင်း ( ခရမ်း )