ပြင်ဦးလွင် ဇွန် ၂၃
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက ပြင်ဦးလွင်မြို့နယ် အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် ဘော်လီဘောဝါသနာရှင်များတက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန် ရှိသူများမှ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုငွေချီးမြှင့်ခြင်းနှင့် ဆိုင်းဘုတ်ကိုင်ကျောင်းသူများအား ဂုဏ်ပြုငွေများ အသီးသီးချီးမြှင့်ခဲ့ကြပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစား အဓိဋ္ဌာန်ရွတ်ဆိုကြသည်။
၂၀၂၂ ခုနှစ်၊ ကမ္ဘာ့အိုလံပစ်နေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဖလားရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို (၂၃-၆-၂၀၂၂)ရက်နေ့မှ (၂၅-၆-၂၀၂၂) ရက်နေ့အထိ နေ့စဉ်ယှဉ် ပြိုင်သွားမည်ဖြစ်ပြီး ဆုရရှိသောအသင်းများကို ဆုများထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင်(ပြန်/ဆက်)