သတင်းများ

မူဆယ်မြို့အ.ထ.က(၃)ကျောင်းတွင်  လူမှောင်ခို၊ လူကုန်ကူးမှုနှင့်စာရိတ္တဆိုင်ရာ စာပေအသိပညာ ပေးဟောပြောပွဲကျင်းပ
Jun 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို  အ.ထ.က(၃)ကျောင်း၌ ၂၁ ရက်နေ့ နေ့လည်  ၁ နာရီခွဲ အချိန်က လူမှောင်ခို၊ လူကုန်ကူးမှုနှင့်စာရိတ္တဆိုင်ရာစာပေအသိပညာပေးခြင်းကို
ဘုတ်ပြင်းမြို့နယ်၌  ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး  Talk Show   ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။
ရွှေကျင်မြို့တွင် မိုးရာသီတိရစ္ဆာန်အစာပင်‌ နေဗီယာမြက် စိုက်ပျိုးပွဲကျင်းပ
Jun 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၂ခုနှစ်  မိုးရာသီတိရစ္ဆာန်အစာပင်နေဗီယာမြက် စိုက်ပျိုးခြင်းအား ယနေ့နံနက်(၁၀)နာရီက စလူချောင်း ကျေးရွာရှိ မွေးမြူရေးလုပ်ကိုင်သူ ဦး‌အောင်ထွေး၏နေဗီယာမြက် (၂)ဧက စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှမင်းသူနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ကြီးကြပ်မှုကော်မတီမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
လောင်းလုံးမြို့နယ်တွင် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပြီးသူပေါင်း (၄၂၉) ဦးရှိ
Jun 23,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်တွင် ဇွန်လ ၁၉ ရက်နေ့မှ ၂၂ ရက် အထိ (၄၂၉) ဦးရှိကြောင်း သိရသည်။
တာမွေဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို  ယနေ့မွန်းလွဲပိုင်းအချိန်က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်
Jun 23,2022
မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသည့် အကြိမ်(၃၀)နှင့်အထက် သွေးလှူရှင်များ ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မကွေးမြို့ နန်းထိုက်သူဟိုတယ်၌ ကျင်းပဆောင်ရွက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ သွေးလှူရှင်များအား ချီးကျူးဂုဏ်ပြုစကား ပြောကြားကာ ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေး
Jun 23,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက ဈေးဆိုင်များအား ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်း
Jun 23,2022
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ညွှန်ကြားချက်များအား ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့ ကရင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။