သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း မော်လမြိုင် တောင်ရိုးတန်းလမ်း ရှုခင်းသာလမ်းတစ်လျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး             
Jun 25,2022
မော်လမြိုင်မြို့ တောင်ရိုးတန်း လမ်းရှုခင်းသာလမ်းတစ်‌လျောက် ဦးခန္တီဘုရားကြီးရှေ့ ပတ်ဝန်းကျင်တွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မတ္တရာမြို့နယ် စကျင်တောင်အနီးတွင် စက်လှေတိမ်းမှောက်မှုဖြစ်ပွား၊ အမျိုးသားတစ်ဦး ရေနစ်သေဆုံး
Jun 24,2022
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ မြွေဟင်္သာကျေးရွာအုပ်စု၊ မြွေဟင်္သာကျေးရွာရှိ မရင်းအင်းချောင်းအတွင်းတွင် ယနေ့နံနက်ပိုင်းက စက်လှေနစ်မြုပ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်းသိရသည်။
ရေတာရှည်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာ​ပေးဟော​ပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံနှင့်စာအုပ်စာစောင်ပြပွဲ အခမ်းအနားအား ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ဆောင်ရွက်ပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရွှေပြည်သာမြို့တွင် အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 24,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ရှိ အခြေခံပညာကျောင်းများရှိ အသက်(၅)နှစ်မှ (၁၂)နှစ် ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဇွန် ၂ရက်နေ့တွင် စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် (၁၀)နာရီအချိန်တွင် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)တွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်၊
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သာယာဝတီခရိုင်ဘဏ်ခွဲမှ ၂ဝ၂၂ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ( ၁၅၁၅၉,ဝဝ) ထုတ်ချေးပြီးစီး
Jun 24,2022
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သာယာဝတီခရိုင်ဘဏ်ခွဲမှ သာယာဝတီမြို့နယ်အတွင်း တောင်သူများသို့ ထုတ်ချေးခဲ့သည့် နှစ်စဉ်ရာသီအလိုက်ချေးငွေများအနက် တောင်သူများ၏ဆန္ဒအလျောက် ချေးယူထားသည့် မည်သည့်ချေးငွေမဆို အပြေအကျေပေးဆပ်ပြီးသည့် တောင်သူများသို့ ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေအား မေလ ၂၆ ရက်နေ့မှ စတင်၍ ထုတ်ချေးပေးခဲ့ရာ အချိန်စေ့လွန်ချေးငွေများ ပြေကျေအောင် ပေးဆပ်ပြီးသည့်တောင်သူများ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပိုင်ဆိုင်မှု မှန်ကန်ပြီး ငွေချေးစည်းကမ်းသတ်မှတ်ချက်များနှင့် ညီညွတ်ပါက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကုန်အထိ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကညွှတ်ကွင်းမြို့တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို အောင်မြင်သူများအား ဂုဏ်ပြုခြင်းနှင့် ကျောင်းစိမ်းလန်းသာယာရေး သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကညွှတ်ကွင်းမြို့တွင် ၂၀၂၁- ၂၀၂၂ ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူများအား
သဲကုန်းမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့
Jun 24,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ယနေ့ နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်လှလှရွှေနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။