သတင်းများ

ရေးမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Jun 23,2022
ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၁)နာရီက မူးယစ်ဆေးဝါး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကျင်းပခဲ့ကြသည်။
စုကလိမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားနှင့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်း အနား ကျင်းပပြုလုပ်  
Jun 23,2022
ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားနှင့် ဘာသာရပ်ပြဆရာ၊ဆရာမများအားဂုဏ်ပြုပွဲအား ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း စုကလိခန်းမဆောင်တွင် ကျင်းပပြုလုပ်သည်။
မိုးညိုမြို့နယ်တွင် သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Jun 23,2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ အထက(မိုးညို) သရဖူခန်းမဆောင်တွင် ပြုလုပ်ခဲ့သည်။
မိုးမောက်မြို့၌ မိုးရာသီ တိရစ္ဆာန်အစာပင်စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်ဆောင်ရွက်မှု ကွင်းဆင်းကြည့်ရှု
Jun 23,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ဇော်မျိုးအောင် ဦးဆောင်၍ ၂၀၂၂ ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် ဆောင်ရွက် ထားသော မံပုံကျေးရွာ တောင်သူ ဦးဆိုင်းဆန့်ထွန်း စိုက်ပျိုးထားသည့် ဖူးစားပြောင်း (၁ ဒသမ ၅) ဧကကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရသည်။
မအူပင်ခရိုင်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး Talk Show ပြုလုပ်
Jun 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာ‌ပေး Talk Show ကို ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြိုနယ်တွင် တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြ စိုက်ပျိုးခြင်း ပြုလုပ်
Jun 23,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် တိရစ္ဆာန်အစာ ပေါများစေရေးအတွက် ရည်ရွယ်ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ တိရစ္ဆာန်အစာပင်(နေပီယာမြက်)သရုပ်ပြစိုက်ပျိုးခြင်းကို သာယာကုန်းကျေးရွာ၊ တောင်သူ ဦးငြိမ်းအောင်သူ၏ ခြံတွင် ယနေ့ နံနက်(၈)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖား​ဆောင်းမြို့နယ်​ မွေးမြူ​ရေးနှင့် ကုသ​ရေးဦးစီးဌာနမှ တိရစ္ဆာန်အစာ​(​နေဗီယာမြက်ပင်) သရုပ်ပြ စိုက်ပျိုးပွဲပြုလုပ်
Jun 23,2022
၂၀၂၂ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ် အစီအစဉ်အရ ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်​ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ​မွေးမြူတိရစ္ဆာန်များ အစာ​ရေစာရှားပါးမှုအန္တရာယ်မှ ကာကွယ်ရန်နှင့် အာဟာရပြည့်ဝ​သော မြက်မျိုးများကို စားသုံး​စေခြင်းဖြင့် ကြီးထွားနှုန်းလျင်မြန်​ကောင်းမွန်​စေပြီး မိသားစုဝင်​ငွေတိုးတက်ရရှိလာ​စေရန် ရည်ရွယ်၍ တိရစ္ဆာန်အစာ​နေ ဗီယာမြက်ပင် သရုပ်ပြစိုက်ပျိုးခြင်းကို ယမန်​နေ့က ခဲမဖြူ​ကျေးရွာ ​ဦး​စောတင်လှ၏ယာ​မြေ(၁)ဧကတွင် ပြုလုပ်ခဲ့ရာ မွေးမြူ​ရေးနှင့်ကုသ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာ​ ဇော်မြင့်​အောင်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုး တောင်သူများ တက်​ရောက်စိုက်ပျိုးခဲ့ကြ​ကြောင်း သိရသည်။
ရွှေကူမြို့တွင် တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ်မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jun 23,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့တွင် မြို့ပေါ်ရှိ မြန်မာတိုင်းရင်းဆေးဆိုင်များ၊ နိုင်ငံခြား ဆေးဝါးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များ၌ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက်အတွင်း ရောင်းဝယ် နေမှု ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီခန့်က မြို့နယ် တိုင်းရင်းဆေးဦးစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခိုင်ခိုင်လတ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းလွင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။