ချမ်းအေးသာစံ ဇွန် ၂၃
ကျောင်းသား၊ ကျောင်းသူများ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်ပြီး နှုတ်မှုစွမ်းရည်ကျွမ်းကျင်စေရန်ရည်ရွယ်၍ ပုံပြောပြိုင်ပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်ခန့်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးထွန်းထွန်းနိုင်က ပုံပြောပြိုင်ပွဲပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ဆုရွေးခြယ်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ပတ်သက်ပြီး စာကြည့်တိုက်လက်ထောက်-၃ မမို့မို့အောင်က ရှင်းပြခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်