ဟင်္သာတ ဇွန် ၂၃
၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် ၃၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီ အချိန်က စတင်၍ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဋ္ဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
စာစီစာကုံး ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား/သူ (၂၃)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၂၆)ဦး စုစုပေါင်း ကျောင်းသား/သူ (၄၉)ဦးတို့မှ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်ဖြင့် ဝင်ရောက်ဖြေဆိုခဲ့ကြပြီး စာဖတ်စွမ်းရည် ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၈)ဦးတို့က မူးယစ်ဆေးဝါးနှင့် ပတ်သက်သော ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/သူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ချီးမြှင့်ပေးအပ်သွားမည် ဖြစ်ပြီး ဟင်္သာတခရိုင် ပြန်/ဆက် ဦးစီးဌာနမှ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သော အသိပညာပေး ဟောပြောပွဲများကိုလည်း ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကိုဇော် - ဟင်္သာတ