တောင်သာ ဇွန် ၂၃
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ( ၉ ) နာရီအချိန်က အလက (အနောက်ရပ်) ကျောင်းနှင့် ပြည်သူများထံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားစာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (ရုံးချုပ်) မှ ထုတ်ဝေ၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်နှင့် ဝန်ထမ်းများသည် အနောက်ရပ် (အလက) ကျောင်းနှင့် ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ပညာပေးလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမျိုးသား ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၂) ၌ ပြောကြားသည့် အမှာစကားမှ ကောက်နှုတ်ချက်၊အမျိုးသား မူးယစ်ဆေးဝါးထိန်းချုပ်ရေးမူဝါဒ၊ မဟာဗျူဟာ (၂) ရပ် နည်းဗျူဟာ (၃) ရပ်၊ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါးအန္တရာယ် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများစသဖြင့် ဆောင်းပါး၊ ကဗျာ၊ ကာတွန်းများ ဖော်ပြထားရှိ၍ ကျောင်းသား/ကျောင်းသူများနှင့် လူငယ်လူရွယ်များအတွက် အကျိုးရှိစေသည့် စာစောင်တစ်ခုဖြစ်ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)