သတင်းများ

ပြင်ဦးလွင်မြို့တော်ခန်းမတွင် မြန်မာမက္ကဒေးမီးယားပြပွဲ (Myanmar Macadamia Fair) ကျင်းပ
Feb 07,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မဲခေါင် - လန်ချန်းဒေသရှိ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအထောက်အပံ့ဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအစီအစဉ်ဖြင့် မြန်မာမက္ကဒေးမီးယားပြပွဲ (Myanmar Macadamia Fair) ကို ယနေ့နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့တော်ခန်းမတွင် ကျင်းပသည်။
ဒေါပုံမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ
Feb 07,2023
ယနေ့လူငယ် နောင်ဝယ်လူကြီး ဆိုသည့်ဆိုရိုးစကားနှင်အညီ အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီရေးနှင့် လူငယ်များ ဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
မြေပုံမြို့နယ်၌ အသက်(၂)လမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များအား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
Feb 07,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေ းကျန်းမာရေးဌာနတွင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက် (၂)လမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံတိုက် ကျွေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်တွင်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
နတ်တလင်းမြို့နယ်တွင် စာဖတ်ဝိုင်းကျင်းပ
Feb 07,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် လူထုစိန်ဝင်း၏ အတွေးအမြင်ဆောင်းပါးများစာအုပ်ဖြင့် စာပေချစ်မြတ်နိုးသူ၊ စာပေဝါသနာရှင် ကျောင်းသား၊ ကျောင်းသူများစုစည်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက်( ၁ဝ)နာရီက မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ 
ကော့သောင်နယ်စပ်ဂိတ်မှ ပြန်လည်လွှဲပြောင်းအပ်နှံလာသော နေရပ်ပြန် ရခိုင်တိုင်းရင်းသားများအား မိဘထံသို့ ပြန်လည်အပ်နှံခြင်း အခမ်းအနား ပြုလုပ်
Feb 07,2023
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်လွှဲပြောင်း အပ်နှံလာသော ပြစ်ဒဏ်ကျခံပြီးသည့် မြောက်ဦးမြို့နယ်မှ ရခိုင်တိုင်းရင်းသား (၈) ဦးအား ထမ္မရပ်ကွက် ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့က မိဘထံသို့ပြန်လည် အပ်နှံခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။
မတ္တရာမြို့နယ်၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာရေးစပ်ပြိုင်ပွဲကျင်းပ
Feb 07,2023
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့အတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲကျင်းပ
Feb 07,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်ကကျင်းပခဲ့သည်။