မတ္တရာ ဖေဖော်ဝါရီ ၇
(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ယနေ့အတွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲများ၌ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို နံနက်ပိုင်းတွင်ကျင်းပရာ မဲကျရာခေါင်းစဉ်ဖြစ်သည့် “ညီနောင်တိုင်းရင်းသား ပြည်ထောင်စုဖွားသားချင်းများ” ခေါင်းစဉ်ဖြင့်လည်းကောင်း နေ့ပိုင်းတွင် ကဗျာရေးစပ်ပြိုင်ပွဲကို မဲကျရာခေါင်းစဉ်ဖြစ်သည့် “(၇၆)နှစ်မြောက် ပြည်ထောင်စုညီညွတ်မှုကိုအလေးပြု” ဖြင့်လည်းကောင်း ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး